Monday, February 13, 2012

အဖြေမရှိဘူး


ဒီနေ့ဘာလို့
မသာယာတာလဲ
ငါအဖြေရှာကြည့်
ဘာရယ်လည်းမသိ
သြော် ငါလည်း
အဖြေမရှိသော ပုစ္ဆာကိုမှ
တွက်ပြီး အဖြေရှာနေတာပါလား..

သမိုင်းစာမျက်နှာ


ငါ့သမိုင်းစာမျက်နှာမှာ
မင်းကိုပထမဆုံး
ရေးခဲ့တာပါ
မင်းလာကြည့်ပါ
ငါ့မာတိကာ
မင်းကလွဲပြီး
ဘယ်သူမှမရှီတာ
မင်းလည်းသိတာပဲ
ဒါကိုမင်းမုန်း
ဘာအပြစ်တုန်းကွာ..။

မလိုတော့ဘူး


မင်းပေးတဲ့
အချစ်ဆိပ်တွေ
ငါ့ရင်ထဲမှာ
အမြဲတောက်လောင်ဆဲ
ဘယ်တော့မှလည်း
မငြိမ်းခဲ့ဘူး
မေတ္တာရေစင်
လောင်မဲ့သူက
ဝေးရာကိုဒိုးရှာပြီနော်...

ငရဲအလားပဲ


တေးသံကလည်းမချိုမြဘူး
လမ်းတွေကလည်းကြမ်းတယ်
မင်းမောပန်းမှာ
ငါကြောက်လို့
ပေးဆပ်ခြင်းနဲ့
မင်းကိုချစ်ခဲ့တယ်
မင်းကတော့
ငါနဲ့ဝေးရာမှာ
အသစ်သစ်တွေနဲ့
ပျော်နေရှာပေါ့
ငါ့ကိုတော့ သေလောက်အောင်
အသဲကွဲလက်ဆောင်
မင်းပေးပြီး ငရဲကို
အရှင်လတ်လတ်
မင်းပို့ရက်တယ် ..နော်

မြတ်နိုးမိတဲ့ မိုးရယ်

နွေရယ်
မိုးရယ်
ဆောင်းရယ်
သုံးရာသီမှာ
ကျနော်ချစ်တဲ့ မိုး
မိုးကတော့
ကျနော့အတွက်ဆို
အလွမ်းမိုးတွေ
အမြဲတမ်းရွာသွန်း
နေဆဲပါ..

အသဲကွဲညနေ

မထင်ရဘူး
ညနေဆည်းဆာရယ်
အလင်းတန်းတွေပေး
မျှော်လင့်ချက်တွေဝေးပြီး
စောင့်စားခဲ့တဲ့
အချစ်တွေကို
တိုက်စားသွားမှ
မင်းဘ၀လေး
လှပမှာလား
ယူပါစေတော့
ငါ့ရင်ထဲက
နှလုံးသားလေး
မင်းအတွက်ပေး
စတေးလိုက်ပြီနော်.....မိုး

Crazy


မလွမ်းချင်ဘူး
မဆွေးချင်ဘူး
တားဆီးသော်လည်း
ငါ့ရင်ထဲကို
အလိုလိုရောက်လာ
အလွမ်းဆွေးဒုက္ခ
ငါ့ဘ၀စာသားတွေ
တကယ်ပဲကြမ်းတမ်းတယ်
.....မိုးရယ်....