Monday, February 13, 2012

ငရဲအလားပဲ


တေးသံကလည်းမချိုမြဘူး
လမ်းတွေကလည်းကြမ်းတယ်
မင်းမောပန်းမှာ
ငါကြောက်လို့
ပေးဆပ်ခြင်းနဲ့
မင်းကိုချစ်ခဲ့တယ်
မင်းကတော့
ငါနဲ့ဝေးရာမှာ
အသစ်သစ်တွေနဲ့
ပျော်နေရှာပေါ့
ငါ့ကိုတော့ သေလောက်အောင်
အသဲကွဲလက်ဆောင်
မင်းပေးပြီး ငရဲကို
အရှင်လတ်လတ်
မင်းပို့ရက်တယ် ..နော်

No comments:

Post a Comment