Monday, February 6, 2012

အက်ကြောင်းများ


မမြင်ရသော
ကံကြမ္မာကို
တိုက်ခိုက်နေဆဲ
လမ်းပျောက်နေတုန်းပဲ
ငါ့ဘဝ

မဝေးဘူး
သိတယ်
ငါ့ရဲ့ပန်းတိုင်
တွဲခေါ်သူမရှိ
ဖေးမသူမဲ့
ဘ၀ရဲ့လမ်းတွေ
ဘာကြောင့်
ကြမ်းနေလဲ..?

ဖြေးဖြေးလေးပဲ
လျှောက်လှမ်းကြည့်မယ်
ဘ၀လမ်းတွေကို
မလွယ်ဘူး
သိပ်ခက်တယ်
ငါမောပန်းလွန်းပြီ
အေးမြတဲ့မေတ္တာရေကြည်
မင်းဆီကမျှော်လင့်နေပြီ ...?

No comments:

Post a Comment