Monday, February 13, 2012

အဖြေမရှိဘူး


ဒီနေ့ဘာလို့
မသာယာတာလဲ
ငါအဖြေရှာကြည့်
ဘာရယ်လည်းမသိ
သြော် ငါလည်း
အဖြေမရှိသော ပုစ္ဆာကိုမှ
တွက်ပြီး အဖြေရှာနေတာပါလား..

သမိုင်းစာမျက်နှာ


ငါ့သမိုင်းစာမျက်နှာမှာ
မင်းကိုပထမဆုံး
ရေးခဲ့တာပါ
မင်းလာကြည့်ပါ
ငါ့မာတိကာ
မင်းကလွဲပြီး
ဘယ်သူမှမရှီတာ
မင်းလည်းသိတာပဲ
ဒါကိုမင်းမုန်း
ဘာအပြစ်တုန်းကွာ..။

မလိုတော့ဘူး


မင်းပေးတဲ့
အချစ်ဆိပ်တွေ
ငါ့ရင်ထဲမှာ
အမြဲတောက်လောင်ဆဲ
ဘယ်တော့မှလည်း
မငြိမ်းခဲ့ဘူး
မေတ္တာရေစင်
လောင်မဲ့သူက
ဝေးရာကိုဒိုးရှာပြီနော်...

ငရဲအလားပဲ


တေးသံကလည်းမချိုမြဘူး
လမ်းတွေကလည်းကြမ်းတယ်
မင်းမောပန်းမှာ
ငါကြောက်လို့
ပေးဆပ်ခြင်းနဲ့
မင်းကိုချစ်ခဲ့တယ်
မင်းကတော့
ငါနဲ့ဝေးရာမှာ
အသစ်သစ်တွေနဲ့
ပျော်နေရှာပေါ့
ငါ့ကိုတော့ သေလောက်အောင်
အသဲကွဲလက်ဆောင်
မင်းပေးပြီး ငရဲကို
အရှင်လတ်လတ်
မင်းပို့ရက်တယ် ..နော်

မြတ်နိုးမိတဲ့ မိုးရယ်

နွေရယ်
မိုးရယ်
ဆောင်းရယ်
သုံးရာသီမှာ
ကျနော်ချစ်တဲ့ မိုး
မိုးကတော့
ကျနော့အတွက်ဆို
အလွမ်းမိုးတွေ
အမြဲတမ်းရွာသွန်း
နေဆဲပါ..

အသဲကွဲညနေ

မထင်ရဘူး
ညနေဆည်းဆာရယ်
အလင်းတန်းတွေပေး
မျှော်လင့်ချက်တွေဝေးပြီး
စောင့်စားခဲ့တဲ့
အချစ်တွေကို
တိုက်စားသွားမှ
မင်းဘ၀လေး
လှပမှာလား
ယူပါစေတော့
ငါ့ရင်ထဲက
နှလုံးသားလေး
မင်းအတွက်ပေး
စတေးလိုက်ပြီနော်.....မိုး

Crazy


မလွမ်းချင်ဘူး
မဆွေးချင်ဘူး
တားဆီးသော်လည်း
ငါ့ရင်ထဲကို
အလိုလိုရောက်လာ
အလွမ်းဆွေးဒုက္ခ
ငါ့ဘ၀စာသားတွေ
တကယ်ပဲကြမ်းတမ်းတယ်
.....မိုးရယ်....

ခေါ်သံလား


မိုးဆိုသော
ကောင်မလေးတယောက်
ခေါ်နေတာလား
ယောင်ယောင်ပြီးအိမ်မက်ကနိုး
မချိုမြဘူး
အချစ်ဦးရယ်
ချစ်တယ်လည်းမပြော
မုန်းတယ်လည်းမဆို
မျှော်လင့်ချက်လေးနဲ့
အသက်ရှင်သော ကို..။

Sunday, February 12, 2012

နေရာ


ဘာတွေပဲဖြစ်ဖြစ်
ဘာမှမမျှောမှန်းပဲ
ချစ်နေခဲ့တဲ့
ငါ့အဖြစ်ကတော့
လိုချင်တာမင်းရဲ့အနားမှာ
နေရာလေးတခုပါ
မပေးမှန်းကြိုသိပါတယ်
မတောင်းရင်လည်း
ကျန်နေခဲ့မဲ့ဘဝ
......

Saturday, February 11, 2012

မင်းအတွက်ကဗျာတပိုဒ်

နေ့စွဲတွေထပ်ခါ
ငါ့ရင်ထဲမှာ
မင်းအတွက်ရေးထား
ကဗျာစာသားများ
နေ့စဉ်နဲ့အမျှပါ
မယုံဘူးလို့မပြောနဲ့ ချစ်သူ
လာလို့ကြည့်ပါ
ငါ့ရင်ထဲမှာ
မင်းကိုပြရင် ယုံမှာလားဟင်

နတ်သမီးလေး


ကျနော့ရဲ့ နတ်သမီးလေး


အလင်းရောင်


အမှောင်တွေကြားမှာ
ငါဟာလူဖြစ်လာရ
အလင်းရောင်ဆိုတာ
ဘာရယ်မသိ
မရှိခဲ့ဘူး
မင်းဟာငါ့အတွက်
အလင်းရောင်လေးပါ
ပြစ်လို့သာအဝေးကို
မသွားပါနဲ့
ပြောလိုက်ချင်တယ်....

အဆိပ်ခွက်


ငါမသောက်ချင်ဘူး
ငြင်းနေသော်လည်း
ငါ့ရင်ထဲမှာ
မင်းပေးတဲ့အချစ်တွေက
အဆိပ်ငွေ့တွေလို
လောင်ကျွမ်းနေပြီ
ငါဘ၀နဲ့ရင်းပြီးချစ်တာ
မင်းပေးတဲ့အချစ်
ငါ့အတွက်အဆိပ်တွေဖြစ်
မယူချင်ဘူးငါမပြောပါ
အဲဒါ မင်းကိုချစ်လို့...

Friday, February 10, 2012

ဝမ်းနည်းမှတ်တမ်း


မချစ်တော့လည်း
ပြစ်သွားပေါ့ ချစ်သူ
ငါကတော့
အလွမ်းတွေကုစားရင်းနဲ့
ဘ၀ကိုထိန်းကျောင်း
အကောင်းဆုံးမဖြစ်တောင်မှ
အဆိုးမဖြစ်အောင်
တားဆီးနေရတယ်..။

စိတ်တိုတယ်ဂျာ မချစ်လို့


မချစ်ဘူးမပြောနဲ့နော် ဒီကြည့်ထား


ဟာ အချစ်လား


ချစ်သူကလည်းမရောက်သေးဘူးလားကွာစိတ်တိုတယ်ဂယ်ပဲ


ခေါ်သွားချင်တယ်


ဘယ်သူမှမရှိတဲ့
ကမ္ဘာသစ်ဆီ
မင်းကိုခေါ်သွားပြီ
ချစ်တဲ့အကြောင်းတွေ
တ၀ကြီးပြောချင်တယ်
မယုံဘူးပြောမှာလား
ယုံအောင်တော့
ကိုမပြောတက်ပါ
ရင်ထဲကအတိုင်းပဲ
ပြောမှာပါ မင်းကို သိပ်ချစ်တာ

သေချာကြည့်နော်


မချစ်ဘူးကွာ သတ်ရင်လည်းအသေသာခံမယ်


ထူးထူးဆန်းဆန်းပေါ့


ဖေဖေသူရဲကောင်း


မချစ်ဘူးလားပြောမချစ်ရင်ဆော်မှာနော်


အတုမရှိ ဗုဒ္ဓမြတ်စွာ ဘုရား


ဘုရားတပည့်တော်
နန္ဒောဟံသာ(ပဲခူး)သည်
နေ့စဉ်နဲ့အမျှ
ရိုသေစွာဖြင့်
ဖူးမျှော်ရှစ်ခိုးလျှက်ပါ ဘုရား


ဟင်္သာငယ်


ပန်းတိုင်သို့
အရောက်သွားမယ်
ဘယ်သူမှ
တားဆီးလို့မရဘူး..

ဟင်္သာတို့ရဲ့နန်းတော်ရှေ့


ဆိုးရွားသောအရာ




မထူးတော့ဘူး
ဒီဘ၀မှာ
ဆုံရန်မရှိတော့လည်း
နောင်အရေး
တွေးမျှော်ရင်းပဲ
ငါ ဆုတောင်းတယ်

လက်လျှော့ပါချစ်နှမငယ်




သံသရာနဲ့ဝေးရာ
မောင်သွားတာဟာ
မချစ်လို့တော့
မဟုတ်ပါဘူး
ချစ်နှမငယ်ကို
ဝေဒနာတွေမပေးချင်လို့ပါ
ချစ်နှမလေး
လွမ်းမနေနဲ့နော်
အဆွေးတွေလည်း
မတွေးပါနဲ့

အဖြေမရှိသောပုစ္ဆာ

မဝေးပါရစေနဲ့
ငါအကြိမ်ကြိမ်
ဆုတောင်းသော်လည်း
ကံကြမ္မာက
ရက်စက်တာလား
မင်းကပဲမုန်းတာလား
အဖြေမရှိအောင်ပဲ
တွက်ရခက်တဲ့ပုစ္ဆာ
အချစ်နဲ့စခဲ့လို့
အမုန်းနဲ့ဇာတ်သိမ်းတာလား
မပြောတက်တော့ဘူး
ဝေခွဲမရဘူး
ချစ်သူလေးရယ်......

မိုးကိုချစ်လို့


မဆုံနိုင်ဘူး
မပြောပါနဲ့ မိုးရယ်
ဘ၀တွေကကွာခြား
မဆုံနိုင်ရန်
စည်းမျဉ်းတွေဘယ်လောက်ပဲ
ခြားနားနေပါစေ
မိုးကိုချစ်နေမှာပဲ
အဲဒါဘာကြောင့်လဲ
မိုးသိလား ချစ်တက်တဲ့
ကျနော့ရဲ့နှလုံးသားမှာ
အမုန်းဆိုတာ
မရှိခဲ့လို့ပါ ..မိုး
မိုး ..မိုးကိုချစ်တယ် ..မိုးရယ်

ဘာကြောင့်လဲ.....?

မဝေးဘူးဆို
မဆွေးရဲဘူးဆို
ငါလည်းမရှိရော
ရင်ခွင်သစ်ပြောင်း
ငါ့ကိုတောင်ဟောင်းပြီတဲ့
ရပါတယ်ချစ်သူ
ငါကအပြစ်မယူသူမို့
အရှုံးပေးတာပါ

မခွဲအတူတူ

အချစ်ရယ်
တို့တွေဝေးလို့မနေရဲဘူး
ချစ်လို့လည်းမဖြစ်ဘူးဆိုရင်
မခွဲအတူတူပဲ
နောင်ဘ၀ပေါင်းဖို့
အတူတူသေမယ်နော်...။

လှည့်မကြည့်ကြေး


မုန်းလို့တော့မဟုတ်
ချစ်လို့လမ်းခွဲတာပါ
ငါ နင့်ကိုချစ်တာ
ရယူခြင်းမဟုတ်
ပေးဆပ်ခြင်းပါ
နင့်ဘ၀လေးသာယာဖို့အရေး
ငါ့နှလုံးသားကိုစတေး
အဝေးကိုပြေးတာ
ပြန်လှည့်လို့မကြည့်ကြေးနော်
........ချစ်သူ...........

နောက်ဆုံး


ငါချစ်ခဲ့သော
အချစ်တွေက
အမုန်းသို့ပြောင်လဲ
ဝေဒနာတွေသာ
ငါ့ကိုအဖေါ်ပေး
နားမလည်အောင်
ခက်သွားတယ်
ဒါပေမယ့် ငါပြောချင်တယ်
နောက်ဆုံး ချစ်တယ်နင့်ကို ...

ငါစားမကုန်လို့ကျွေးတာစားနော်နင်မစားရင်ငါခွေးကျွေးမှာ


မပေးလည်းယူမှာပဲ


ချစ်သူနဲ့ဆုံဆည်းပါရစေ


Thursday, February 9, 2012

ကြောက်လို့ပါ


မာယာများတဲ့
အချစ်လောက
မကျွမ်းကျင်ပဲ
ငါလျှောက်လှမ်း
မောပန်းပြီ အချစ်ရယ်
မင်းနဲ့ဝေးရာ
ပြေးစရာမြေမရှိ
ငါကြောက်ပြီ အချစ်ကို

တားတားဆော်လေးနဲ့ချက်မလို့ပါဆို မေမေကလည်းဗျာ


ခဏတာလား


ချစ်တာမုန်းတာ
ခဏတာပါ
မင်းပြောခဲ့တာ
အခုတော့လွမ်း
အခုတော့ာကြွမ်းပြီ
ငါ့အသဲတွေ
ရော်စားသွားအောင်
မပြုစားနဲ့တော့
ချစ်သူ

ဆေးရောင်


ဆေးရောင်တဲ့အချစ်တွေကြား
ငါ့ဟာမောပန်းလွန်းပြီ
ရစရာမရှိအောင်
စုတ်ပြတ်နေသော
ငါ့နှလုံးသားမှလည်း
ဝေဒနာနဲ့ဒဏ်ရတွေပဲ
ဘာတွေနဲ့ကုစား
ဘာတွေနဲ့နှစ်သိမ့်ရမှာလဲ...ဟင်

Monday, February 6, 2012

မျက်လုံးထဲကအချစ်


အသဲကွဲသူငယ်ချင်းအတွက်သီးသန့်ပါ

http://api.ning.com/files/HxkPbGDep93rRFw2eQgy3Jgo0TiJ0eMgsXChVnexH6k8k9HHS8F1hedNA7rwcd6MsIWrVF*rHUpieCwfnjXnk0P9KJQuiB9yEgz8KAz-tIY_/heart.swf

Virus ပိုးလား


ငါ့ရင်ထဲကို
မဖိတ်ခေါ်ပဲ
မင်းထည့်သွားတဲ့
Virus ပိုးတွေ
တနေ့ထက်တနေ့
ပိုးပြီးဆိုး
အခုတော့
ဆေးလည်းမတိုးဘူး
ငါ့ Memony ထဲမှာ
မင်းကလွဲပြီး
ဘယ်သူမှမရှတာ
မင်းအသိပါ
ဘာကြောင့်မုန်း
အဝေးကိုပြေးတာလဲ
ချစ်သူရာ..။

sorry တဲ့လား


ငါ့အချစ်ကိုလှည်းစား
ပြီးတော့ sorry တဲ့လား
မယုံသေးဘူး
ရင်ဘတ်ကိုထုပြီး
အကြိမ်ကြိမ်မေး
ရင်လေးတယ် အချစ်ရယ်

စားချင်မှစား မစားရင်ငတ်မှာနော်ကြည့်မနေနဲ့


လမ်းခွဲမယ်မပြောနဲ့ငါရယ်ချင်လို့ပါ


လွမ်း


နေ့လည်းလွမ်း
ညလည်းလွမ်း
တဖြည်းဖြည်းနဲ့
ငါ့အသဲကြွမ်းပြီ
ဝမ်းနည်းမနေဘူး
ကြိတ်မှိတ်ပြီး
ငါတယောက်ထဲ
ရူးပြီကွာ....

ပန်းတိုင်


ဆက်လျှောက်နေဆဲ
လမ်းပျောက်နေပြီ
ငါ့ဘ၀ပန်းတိုင်
ငါလက်မှိုင်ချချင်ပြီ
အရမ်းမောတဲ့
ငါ့အချစ်တွေ
ခဏလောက်တော့
အနားပေးပါရစေ..